ဟဗက္ကုတ် 2:16Common Language Bibleသင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-% အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်သည်ဤနိုင်ငံနှစ်ခုမှဖမ်းဆီး ရမိသည့်သုံ့ပန်းများကို အဝတ်အချည်းစည်း နှင့်ခေါ်ဆောင်သွားလိမ့်မည်။ သူတို့သည်လူကြီး လူငယ်မကျန်၊ ဖိနပ်မပါ၊ မိမိတို့အရှက်ကို ပင်မဖုံးနိုင်ဘဲအဝတ်အချည်းစည်းနှင့်လိုက် ပါသွားကာ အီဂျစ်ပြည်ကိုအသရေဖျက် ကြလိမ့်မည်။-
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။