ဟဗက္ကုတ် 2:14Common Language Bibleပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။