Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ္ဂဲ 2:9

Common Language Bible

ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကေ​ဒါ​ပြည်​နှင့်​န​ဗာ​ယုတ်​ပြည်​တို့​မှ​သိုး​ရှိ သ​မျှ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​သင်​၏​ထံ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​စေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဗိ​မာန်​တော်​ကို အ​ဘယ်​အ​ခါ​နှင့်​မျှ​မ​တူ​အောင်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ဆောင်​တော်​မူ​ပြီး​လျှင်​တံ​တိုင်း​အ​တွင်း ဝင်း​ထဲ​သို့​ယူ​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ဖြင့်​ပြည့်​လျက်​နေ​သည်​ကို​ထို​အ​ရပ်​မှ​မြင် ရ​၏။-

တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​၏​နိုင်​ငံ ကို​တိုက်​ခိုက်​၍ ငါ​တို့​၏​ခံ​တပ်​များ​ကို​ချိုး ဖောက်​ဝင်​ရောက်​ကြ​သော​အ​ခါ၊ ငါ​တို့​တွင် ခွန်​အား​ကြီး​သော​ခေါင်း​ဆောင်​များ​ကို​စေ လွှတ်​၍ ရန်​သူ​တို့​ကို​ခု​ခံ​တိုက်​ခိုက်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယ​ခု ပင်​တောင်​ကုန်း​များ​ပေါ်​သို့​တက်​၍​သစ်​များ ကို​ယူ​ဆောင်​လာ​ကာ ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ကြ​လော့၊ ထို​အ​ခါ​ငါ​သည်​နှစ် သက်​အား​ရ​လာ​လိမ့်​မည်။ ပြီး​လျှင်​ငါ့​အား ထိုက်​သင့်​သည့်​အ​တိုင်း​ဝတ်​ပြု​ကိုး​ကွယ် နိုင်​ကြ​လိမ့်​မည်​ဟု​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။''

``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကိုယ်​တော်​တိုင်​မြို့ ပတ်​လည်​တွင် မီး​တံ​တိုင်း​အ​ဖြစ်​တည်​ရှိ​လျက် ဘုန်း​အ​သ​ရေ​တော်​အ​ပေါင်း​နှင့်​တ​ကွ ထို​မြို့ တွင်​စံ​နေ​တော်​မူ​မည်​ဖြစ်​ကြောင်း​က​တိ​ထား တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။

နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။

``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-

ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ