Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟ္ဂဲ 1:11

Common Language Bible

ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။

ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-

ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။

``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။''

ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။

ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။-

သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ