ဟေရှာယ 9:16Common Language Bibleဤလူတို့အားရှေ့ဆောင်လမ်းပြသူတို့သည် လမ်းမှားကိုပြ၍စိတ်ရှုပ်ထွေးစေတတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-