Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 9:1

Common Language Bible

မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။

ဗင်္ဟာ​ဒဒ်​သည်​အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣ​သ ရေ​လ​မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ တို့​သည်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့ နှင့်​န​ဿ​လိ​နယ်​မြေ​ရှိ​ပစ္စည်း​သို​လှောင်​ရာ မြို့​အ​ပေါင်း​ကို​သိမ်း​ယူ​လိုက်​ကြ​၏။-

မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ