ဟေရှာယ 7:8Common Language Bibleအဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။-
ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။-