Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:23

Common Language Bible

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။-

သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-

ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။''

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့် မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။

လူ​နေ​စည်​ကား​သည့်​မြို့​ကြီး​တို့​ကို​ဖြို ဖျက်​ကာ တစ်​ပြည်​လုံး​ကို​လူ​သူ​ကင်း​မဲ့​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-

ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။

``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-

သို့​ရာ​တွင်​အ​ကယ်​၍​ထို​မြေ​ဆီ​လွှာ​သည် ဆူး ပင်​နှင့်​ချုံ​နွယ်​ပိတ်​ပေါင်း​တို့​ကို​သာ​လျှင်​ဖြစ် ထွန်း​စေ​ပါ​မူ လုံး​ဝ​တန်​ဖိုး​မ​ရှိ​တော့​ဘဲ ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​၍​မီး​ရှို့ ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ပေ​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ