Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 7:19

Common Language Bible

သူ​တို့​သည်​လည်း​ကျောက်​ထူ​ထပ်​သည့်​ချိုင့် ဝှမ်း​များ၊ ကျောက်​ဂူ​များ၊ ဆူး​ခြုံ​ရှိ​သ​မျှ နှင့်​စား​ကျက်​ရှိ​သ​မျှ​တို့​ကို​ကြိတ်​ကြိတ် တိုး​လာ​ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-

ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ် တော်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​သော်​လည်း​ကောင်း၊ မြေ တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း​အောင်း နေ​ကြ​လိမ့်​မည်။-

ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-

အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​ကို ဖမ်း​ရန် တံ​ငါ​သည်​အ​မြောက်​အ​မြား​ကို​ပို့ မည်။ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​နှင့် ကျောက်​ဆောင်​များ​အ​ကြား​၌ သူ​တို့​အား လိုက်​လံ​ရှာ​ဖွေ​ရန်​မု​ဆိုး​အ​မြောက် အ​မြား​ကို​ပို့​မည်။-

သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။ လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။

သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ