ဟေရှာယ 66:4Common Language Bibleထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-