ဟေရှာယ 65:21Common Language Bibleလူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။