ဟေရှာယ 65:2Common Language Bibleခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။- အခန်းကိုကြည့်ပါ။ |
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။-
သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-