Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 65:10

Common Language Bible

သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-

တိုင်း​ပြည်​သည်​လည်း​ခြောက်​သွေ့​၍ လူ​သူ​ဆိတ် ငြိမ်​လျက်​နေ​တော့​၏။ လေ​ဗ​နုန်​တော​သည်​ညှိုး နွမ်း​ခြောက်​သွေ့​၍​နေ​လေ​ပြီ။ မြေ​သြ​ဇာ​ထက် သန်​သည့်​ရှာ​ရုန်​ချိုင့်​ဝှမ်း​သည် သဲ​ကန္တာ​ရ​ကဲ့​သို့ ဖြစ်​လျက်၊ ဗာ​ရှန်​တောင်​နှင့်​က​ရ​မေ​လ​တောင် တွင်​ရှိ​သော​သစ်​ပင်​များ​သည် အ​ရွက်​ကြွေ​ကြ ကုန်​၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ကယ်​တင်​ခြင်း​ခံ​လို​သူ​တို့၊အ​ကူ​အ​ညီ​တောင်း​ခံ​ရန် ငါ့​ထံ​သို့​လာ​ရောက်​သူ​တို့၊သင်​တို့​သည် ငါ့​ပြော​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​ကို​ထွင်း​ထုတ်​ယူ​ရာ​ကျောက်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​ကို​တူး​ဖော်​ရာ​ကျောက်​တွင်း​ကို ကြည့်​ရှု​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။

သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-

ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​မိ​မိ​တို့ ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့ သည်​က​ရ​မေ​လ​တောင်​ထိပ်​နှင့်​ဗာ​ရှန်​ဒေ​သ တွင်​စိုက်​ပျိုး​သည့်​အ​သီး​အ​နှံ​များ​ကို​စား ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​နှင့်​ဂိ​လဒ်​နယ်​မြေ များ​တွင်​ပေါက်​ရောက်​သ​မျှ​သော​အ​သီး အ​နှံ​များ​ကို​အ​ဝ​စား​ရ​ကြ​လိမ့်​မည်။-

သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-

လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​လွင်​ပြင်​တွင်​နေ​ထိုင်​သူ​လူ အ​ပေါင်း​တို့​သည်​သူ့​ကို​တွေ့​မြင်​၍ သ​ခင် ဘု​ရား​ထံ​တော်​သို့​ပြောင်း​လဲ​လာ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ