ဟေရှာယ 63:2Common Language Bibleထိုအရှင်၏အဝတ်များသည်စပျစ်သီး နယ်သူ၏အဝတ်များကဲ့သို့အဘယ် ကြောင့်နီမြန်း၍နေပါသနည်း။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-