Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 63:13

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ရေ​နက်​ရာ ကို​ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မြင်း​ရိုင်း​များ​သ​ဖွယ်​ခြေ​ကုပ်​မြဲ လျက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​လဲ​မ​ကျ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။ သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။

ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။

မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-

သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။

သူ​တို့​အား​ငါ​ပြန်​လည်​ခေါ်​ဆောင်​လာ​စဉ် ငါ​၏​လူ​မျိုး​တော်​သည်​ငို​ကြွေး​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​ပြန်​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​စမ်း​ရေ​ရှိ​ရာ​အ​ရပ်​များ သို့​လည်း​ကောင်း၊ သူ​တို့​ခြေ​ချော်​၍​မ​လဲ​စေ​ရန် လမ်း​ကောင်း​များ​ဖြင့်​လည်း​ကောင်း​ခေါ်​ဆောင်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​အ​ဘ​သ​ဖွယ် ဖြစ်​၍ ဧ​ဖ​ရိမ်​အ​နွယ်​သည်​ငါ​၏​သား​ဦး​ဖြစ်​၏။''

ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ