Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 61:4

Common Language Bible

သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။

လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​ကြည့်​ကြ​လော့။ ကမ္ဘာ​မြေ​ပေါ်​တွင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ကြည့်​ကြ​လော့။

ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည် ဗိ​မာန်​တော်​အ​တွင်း​မှ​ရှိ​သ​မျှ​သော​အ​ရာ တို့​ကို ဖျက်​ဆီး​ပစ်​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကြွ​လာ​တော်​မူ​၍​လုံး​ဝ ပျက်​စီး​နေ​သည့်​အ​ရာ​များ​ကို​ကြည့်​ရှု​တော် မူ​ပါ။

အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။

သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-

ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ