ဟေရှာယ 60:8Common Language Bibleမိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-