ဟေရှာယ 60:5Common Language Bibleသင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်သင်တို့အား တည်မြဲသည့်စည်းစိမ်ချမ်းသာကိုပေးမည်။ လူမျိုးတကာတို့၏ပစ္စည်းဥစ္စာများသည် အဘယ်အခါ၌မျှမခန်းမခြောက်သည့် မြစ်ရေကဲ့သို့ သင်တို့ထံသို့စီးဆင်းလာ လိမ့်မည်။ သင်တို့သည်မိခင်ဖြစ်သူကချစ် ခင်ယုယစွာပိုက်ပွေ့လျက်နို့တိုက်ကျွေး သည့်ကလေးနှင့်တူလိမ့်မည်။-
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။