Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 6:7

Common Language Bible

သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။

သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။

သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။

ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။

ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။-

``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-

ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။

မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ