ဟေရှာယ 6:5Common Language Bibleငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။-
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-