ဟေရှာယ 59:6Common Language Bibleယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။-
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``ငါသည်လင်မယားကွာ ရှင်းမှုကိုမုန်း၏။ ဇနီးဖြစ်သူကိုသင်တို့ဤ သို့ရက်စက်စွာပြုကျင့်မှုကိုငါမုန်း၏။ သင် တို့၏ဇနီးများအားသစ္စာစောင့်ရန်ပေးအပ် ခဲ့သည့်ကတိကိုမချိုးမဖောက်မိစေရန် အထူးသတိပြုကြလော့'' ဟုမိန့်တော်မူ ပါ၏။