ဟေရှာယ 59:18Common Language Bibleမိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
သူတို့၏အပြစ်ကြွေးများကိုလည်းကောင်း၊ သူတို့ဘိုးဘေးတို့၏အပြစ်ကြွေးများကို လည်းကောင်းငါဆပ်စေမည်။ သူတို့သည်တောင် ပေါ်ရှိရုပ်တုကိုးကွယ်ရာဌာနများတွင်နံ့ သာပေါင်းကိုမီးရှို့ပူဇော်ကာ ငါ့ကိုကဲ့ရဲ့ ကြလေပြီ။ သို့ဖြစ်၍သူတို့အားထိုက် လျောက်ရာအပြစ်ဒဏ်ကိုငါပေးမည်'' ဟု မိန့်တော်မူ၏။
မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-