ဟေရှာယ 59:12Common Language Bible``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။- အခန်းကိုကြည့်ပါ။ |
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-