Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 57:10

Common Language Bible

သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြား ရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊ တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊ သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။

ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​မ​ပြောင်း လဲ​နိုင်​ပါ။ အ​ဘယ်​ကြောင့်​ပြောင်း​လဲ​ရ​ပါ မည်​နည်း။ ကျွန်ုပ်​တို့​သည်​စိတ်​ရှိ​လက်​ရှိ​ခေါင်း မာ​ဆိုး​ညစ်​လျက်​နေ​ကြ​ပါ​မည်'' ဟု​ဆို ကြ​လိမ့်​မည်။

အို ဣ​သ​ရေ​လ၊အ​ခြား​ဘု​ရား​များ​သို့ လိုက်​ပြေး​ခြင်း​အား​ဖြင့် သင်​၏​ခြေ​၌​ဖိ​နပ်​မ​ကျွတ်​စေ​နှင့်။ သင်​၏​အာ​ခေါင်​ကို​သော်​လည်း​မ​ခြောက်​စေ​နှင့်။ သို့​ရာ​တွင်​သင်​က`အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား ဘု​ရား​များ​ကို​ချစ်​၍၊ သူ​တို့​၏​နောက်​သို့​ပင်​လိုက်​ပါ​တော့​မည်' ဟု​ဆို​၏။

သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။

ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။

သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။

သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-

သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%

ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ