Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 55:9

Common Language Bible

မိုး​ကောင်း​ကင်​သည်​ကမ္ဘာ​မြေ​ကြီး​ထက် မြင့်​မား​သ​ကဲ့​သို့၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့​၏ အ​ကြံ​အ​စည်​များ​ထက်​မြင့်​မား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။-

ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။

ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ