Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 52:12

Common Language Bible

ယ​ခု​တစ်​ကြိမ်​တွင်​သင်​တို့​သည်​အ​ဆော​တ​လျင် ထွက်​ခွာ​သွား​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ထွက်​ပြေး​ရန်​ကြိုး​စား​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ အ​ဘက်​ဘက်​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-

သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။

အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။-

သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။

ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။ သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။

ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-

``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။

``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။

သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။

အ​ကျဉ်း​ခံ​နေ​ရ​သော​သူ​တို့​သည်​မ​ကြာ​မီ လွတ်​မြောက်​လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ထောင်​တွင်း​၌​မ​သေ​ဆုံး​တော့​ဘဲ၊ မိ​မိ​တို့​လို​အပ်​သည့်​အ​စား​အ​စာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။

``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-

``သင်​တို့​သည်​ဤ​အ​တိုင်း​ပြု​ကျင့်​ကြ​ပါ​မူ ငါ​၏​ကျေး​ဇူး​တော်​အ​လင်း​သည်​တက်​သစ်​စ နေ​ရောင်​ခြည်​သ​ဖွယ် သင်​တို့​အ​ပေါ်​သို့​သက် ရောက်​၍​သင်​တို့​အ​နာ​ရော​ဂါ​များ​သည်​လည်း လျင်​မြန်​စွာ​ပျောက်​ကင်း​သွား​လိမ့်​မည်။ ဖြောင့် မတ်​သော​အ​ရှင်​သည်​သင်​တို့​နှင့်​ထာ​ဝ​စဉ် အ​တူ​ရှိ​နေ​မည်။ အ​ဘက်​ဘက်​မှ​နေ​၍​ငါ ၏​ဘုန်း​တော်​သည် သင်​တို့​အား​ကာ​ကွယ် စောင့်​ရှောက်​မည်။-

သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။

နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-

သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​အ​ဆော​တ​လျင် ထွက်​ခွာ​လာ​ခဲ့​ရ​စဉ်​က တ​ဆေး​မ​ပါ​သော မုန့်​ကို​စား​သ​ကဲ့​သို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရာ​တွင် တ​ဆေး​မ​ပါ​သော​မုန့်​ကို​ခု​နစ်​ရက်​တိုင်​တိုင် စား​ရ​မည်။ သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရာ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ရ​သော​နေ့​ကို တစ်​သက်​လုံး​သ​တိ​ရ​စေ​ရန် ဆင်း​ရဲ​ဒုက္ခ တည်း​ဟူ​သော​တ​ဆေး​မ​ပါ​သော​မုန့် ကို​စား​ကြ​လော့။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။

သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-

ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ