Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 50:3

Common Language Bible

မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။

မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။

ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။

မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။-

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ