ဟေရှာယ 5:29Common Language Bibleသူတို့၏ကြွေးကြော်သံသည်သားကောင်လိုက် သတ်ဆွဲယူကာ မိမိတို့လက်မှအဘယ်သူမျှ လုမယူနိုင်စေရန်မာန်ဖီတတ်သည့်ခြင်္သေ့တို့ ၏ဟောက်သံနှင့်တူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-