ဟေရှာယ 5:21Common Language Bibleသင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-