ဟေရှာယ 5:10Common Language Bibleငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။'' အခန်းကိုကြည့်ပါ။ |
တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-