ဟေရှာယ 49:8Common Language Bibleထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။