Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 49:16

Common Language Bible

အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင့်​ကို​အ​ဘယ်​အ​ခါ ၌​မျှ မ​မေ့​မ​လျော့​နိုင်။ ငါ​၏​လက်​ဝါး​တွင်​သင်​၏​နာ​မည်​ကို ရေး​မှတ်​၍​ထား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-

သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။

ယု​ဒ​ပြည်​တွင်​အောက်​ပါ​သီ​ချင်း​ကို​လူ​တို့ သီ​ဆို​ကြ​သည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​က ``ငါ​တို့​၏​မြို့​တို့​သည်​ခိုင်​ခန့်​ပေ​သည်။ ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သော​မြို့​ရိုး​များ​ကို ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ကာ​ကွယ်​တော်​မူ ပါ​၏။

သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။

အ​ကြမ်း​ဖက်​မှု​အ​သံ​ဗ​လံ​များ​ပေါ်​ထွက် ရ​တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း​နောက်​တစ်​ဖန်​လု​ယက် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မြို့​ရိုး​သ​ဖွယ်​သင့်​ကို​ကာ​ကွယ်​စောင့် ရှောက်​မည်။ သင်​သည်​လည်း​မိ​မိ​ကို​ကယ်​တင်​သည့်​အ​တွက် ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်။

အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-

ငါ​၏​ကျွန်​ရင်း​ဇေ​ရု​ဗ​ဗေ​လ၊ ထို​နေ့​၌ ငါ​သည်​သင့်​ကို​ခေါ်​ယူ​ကာ​ငါ့​ကိုယ်​စား အုပ်​ချုပ်​စေ​မည်။ သင်​ကား​ငါ​ရွေး​ချယ်​ထား သော​သူ​ပေ​တည်း'' ဟု​မိန့်​တော်​မူ​ပါ​၏။ ဤ ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဟ္ဂဲ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ