Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 49:13

Common Language Bible

အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။ အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။

တောင်​ကုန်း​များ​နှင့်​တောင်​ရိုး​တို့၊သစ်​သီး​ပင် များ​နှင့် သစ်​တော​တို့​တိ​ရစ္ဆာန်​ယဉ်​နှင့်​တိ​ရစ္ဆာန်​ရိုင်း​တို့၊ တွား​တတ်​သော​သတ္တ​ဝါ​နှင့်​ငှက်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

ကွင်း​ပြင်​တို့​သည်​သိုး​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ချိုင့်​ဝှမ်း​တို့​သည်​ဂျုံ​ပင်​များ​နှင့်​ဖုံး​လွှမ်း​လျက်​ရှိ​ပါ​၏။ အ​ရာ​ခပ်​သိမ်း​တို့​သည်​ရွှင်​လန်း​စွာ​အော်​ဟစ်​၍ သီ​ချင်း​ဆို​လျက်​ရှိ​ကြ​ပါ​၏။

ကောင်း​ကင်​နှင့်​မြေ​ကြီး၊ပင်​လယ်​နှင့်​ပင်​လယ်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။

ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။

``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု လူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဖန်​က​ရု​ဏာ​သက် တော်​မူ​ပြန်​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​များ​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​၌​ပြန်​လည်​နေ ထိုင်​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ လူ​မျိုး​ခြား​များ သည်​သူ​တို့​နှင့်​အ​တူ​လာ​ရောက်​နေ​ထိုင် ကြ​လိမ့်​မည်။-

အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။

ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။

သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။

``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။

အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။

``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။

ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။

ထို​အ​ခါ​သ​မီး​က​ညာ​တို့​သည်​ပျော်​ရွှင်​ဝမ်း မြောက်​စွာ က​ခုန်​ကြ​လိမ့်​မည်။ လူ​အို​လူ​ပျို​များ​သည်​လည်း​အား​ရ ရွှင်​မြူး​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​နှစ်​သိမ့်​စေ​၍​သူ​တို့​ငို ကြွေး​ခြင်း​ကို ပျော်​ရွှင်​ခြင်း​အ​ဖြစ်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဝမ်း​နည်း​ခြင်း​ကို နှစ်​သိမ့်​ခြင်း​နှင့်​ဝမ်း​မြောက်​ခြင်း​အ​ဖြစ်​သို့​လည်း ကောင်း ပြောင်း​လဲ​စေ​မည်။

မြောက်​အ​ရပ်​မှ​လာ​ရောက်​တိုက်​ခိုက်​သူ​တို့ ၏​လက်​တွင်း​သို့ ဗာ​ဗု​လုန်​မြို့​ကျ​ဆင်း​သွား သော​အ​ခါ​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မိုး ကောင်း​ကင်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော အ​ရာ​တို့​သည်​ဝမ်း​မြောက်​သဖြင့်​ကြွေး ကြော်​ကြ​လိမ့်​မည်။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ပိုင်​တော်​မူ​သော ဣ​သ​ရေ​လ​ပြည်​ပြို​လဲ​သွား​စဉ်​အ​ခါ​က သင့်​အား​ငါ​ရွှင်​လန်း​စေ​ခဲ့​သည့်​နည်း​တူ သင် ပြို​လဲ​ချိန်​၌​လည်း​ကမ္ဘာ​တစ်​ခု​လုံး​အား​ရ ရွှင်​လန်း​ကြ​စေ​ရန် ငါ​သည်​သင့်​ကို​လူ​သူ ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ စိ​ရ​တောင် ကုန်း​ဒေ​သ​တည်း​ဟူ​သော​ဧ​ဒုံ​ပြည်​တစ် ပြည်​လုံး​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း​သိ ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ