Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 48:5

Common Language Bible

ငါ​သည်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​မီ​က ပင်​လျှင် ကြို​တင်​၍၊သင်​တို့​၏​အ​နာ​ဂတ်​ကို ဟော​ကြား​ခဲ့​ပေ​သည်။ ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​အ​ရာ​များ​ကို သင်​တို့​လုပ်​သည့်​ရုပ်​တု​များ​က​ဖြစ်​ပေါ်​စေ​သည်​ဟု သင်​တို့​မ​ပြော​မ​ဆို​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။

ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​လာ​ရောက်​စု​ဝေး​ကြ​လော့။ ဧ​က​ရာဇ်​နိုင်​ငံ​ကျ​ဆုံး​ပြီး​နောက်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​အ​ပေါင်း​တို့၊ အ​ချင်း​အ​သိ​ပ​ညာ​ကင်း​မဲ့​သူ​တို့၊ မိ​မိ​တို့​၏​သစ်​သား​ရုပ်​တု​များ​ကို ခင်း​ကျင်း​ပြ​သ​ကာ၊ ကယ်​တင်​နိုင်​စွမ်း​မ​ရှိ​သည့်​ဘု​ရား​များ​ထံ​တွင် ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ​တို့၊ တ​ရား​ဆိုင်​ရန်​လာ​ရောက်​ကြ​လော့။

ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​က၊ ``ရှေး​အ​ခါ​က၊ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​ကို ကြို​တင်​ဟော​ကြား​ခဲ့​၏။ ထို​နောက်​ထို​အ​ရာ​ကို​ရုတ်​တ​ရက်​ဖြစ်​ပေါ် လာ​စေ​၏။

ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ