ဟေရှာယ 47:8Common Language Bible``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။ လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-