Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 47:2

Common Language Bible

သင်​သည်​ကျိတ်​ဆုံ​ကျောက်​ကို​လှည့်​၍ ဂျုံ​မှုန့်​ကို​ကျိတ်​ပါ​လော့။ သင်​၏​မျက်​နှာ​ဖုံး​ပ​ဝါ​ကို​ဖယ်​ရှား​၍​လှ​ပ​သော အ​ဝတ်​တို့​ကို​ချွတ်​လော့။ ချောင်း​ကို​ဖြတ်​ကျော်​ရန်​သင်​၏​အင်္ကျီ​ရှည်​ကို​မ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။ ``ကျွန်ုပ်​၏​သ​ခင်​ဖြစ်​ပါ​သည်'' ဟု​ဖြေ​လျှင် ရေ​ဗက္က​သည်​ပု​ဝါ​ကို​ယူ​၍​မျက်​နှာ​ကို​ဖုံး​လိုက်​၏။

ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-

ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရ ပါစေ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ။

အီ​ဂျစ်​ပြည်​တွင်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ စ​၍ ကြိတ်​ဆုံ​ကြိတ်​သော​ကျွန်​မ​၏​သား​ဦး တိုင်​အောင် သား​ဦး​ဟူ​သ​မျှ​တို့​ကို​သေ​စေ​မည်။ တိ​ရစ္ဆာန်​အ​ပေါင်း​တို့​၏​သား​ဦး​ပေါက်​မှန် သ​မျှ​ကို​လည်း​သေ​စေ​မည်။-

ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။

အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-

သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-

အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-

ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။-

သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။

လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။ လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။

ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-

ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-

ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့။-

ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။-

မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ