Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 47:12

Common Language Bible

သင်​၏​ဂါ​ထာ​မန္တန်​များ​နှင့်​အ​ဆောင်​လက်​ဖွဲ့ များ​ကို ဆောင်​ထား​လော့။ ထို​အ​ရာ​များ​ကို​သင်​သည်​ငယ်​စဉ်​အ​ခါ က​ပင်​လျှင် အ​သုံး​ပြု​၍​လာ​ခဲ့​၏။ ယင်း​တို့​သည်​သင့်​အား​အ​ကူ​အ​ညီ ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်။ သင်​၏​ရန်​သူ​များ​ကို​လည်း​နှင်​ထုတ်​ကောင်း နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ၊သင်​ငယ်​စဉ်​အ​ခါ​မှ​စ​၍ ရန်​သူ​များ​သည် သင့်​ကို​အ​ဘယ်​သို့​ရက်​စက်​စွာ​ညှဉ်း​ဆဲ နှိပ်​စက်​ကြ​ကြောင်း​ကို​ငါ​တို့​အား​ဖော်​ပြ​လော့။

ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-

မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။

အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏ အ​ကြံ အ​စည်​များ​ကို​ပျက်​စီး​စေ​၍ သူ​တို့​၏​စိတ် ဋ္ဌာတ်​ကို​လည်း​ပျက်​ပြား​သွား​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ထံ တွင်​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ နတ် ဝင်​သည်​များ​ထံ​သွား​ရောက်​မေး​မြန်း​စုံ​စမ်း ကာ၊ သူ​သေ​တို့​၏​ဝိ​ညာဉ်​များ​အား​အကြံ ဉာဏ်​တောင်း​ခံ​ကြ​လိမ့်​မည်။-

ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-

ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-

အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။

သို့​ဖြစ်​၍​မိ​မိ​မည်​သည့်​အိပ်​မက် မက်​သည်​ကို ဖော်​ပြ​ရန်​နက္ခ​ဟော​ဆ​ရာ​များ၊ ပ​ယော​ဂ ဆ​ရာ​များ၊ စုံး​အ​တတ်​ကို​တတ်​သူ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​တော်​မူ​စေ​၏။ သူ တို့​သည်​ရှေ့​တော်​သို့​ရောက်​ကြ​သော​အ​ခါ၊-

ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။ သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင် ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။

မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။-

လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ