Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 45:13

Common Language Bible

အ​ရာ​ခပ်​သိမ်း​အ​ဆင်​ပြေ​မှု​အ​တွက်​ငါ​၏ အ​ကြံ​အ​စည်​ပြည့်​စုံ​စေ​ရန်၊ ငါ​ကိုယ်​တိုင်​ပင်​ကု​ရု​ဘု​ရင်​အား လှုံ့​ဆော်​စေ​ခိုင်း​ခဲ့​၏။ သူ​သွား​ရာ​လမ်း​မှန်​သ​မျှ​ကို​ငါ​ဖြောင့်​ဖြူး စေ​မည်။ သူ​သည်​ငါ​၏​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ကာ၊ အ​ဖမ်း​ခံ​နေ​ရ​သူ၊ငါ​၏​လူ​မျိုး​တော်​အား အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပေး​လိမ့်​မည်။ ဤ​အ​မှု​တို့​ကို​ပြု​စေ​ရန်၊သူ့​အား​အ​ဘယ် သူ​မျှ မ​ငှား​မ​ယမ်း။ တံ​စိုး​လက်​ဆောင်​လည်း​မ​ပေး'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။-

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင် ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။-

မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။

အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။

``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။

ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။

ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ယ​ခု​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​သည် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ စစ်​သည်​သူ​ရဲ​ဖမ်း​ဆီး​ထား​သည့်​သုံ့​ပန်း​များ​ကို ငါ​လွှတ်​ပစ်​မည်။ မင်း​ဆိုး​မင်း​ညစ်​၏​လု​ရာ​ပါ​ပစ္စည်း​များ​ကို ငါ​သိမ်း​ဆည်း​မည်။ ငါ​သည်​သင့်​ကို​တိုက်​ခိုက်​သူ​တို့​အား​တိုက်​ခိုက်​၍၊ သင်​၏​သား​သ​မီး​များ​ကို​ကယ်​ဆယ်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-

ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ယ​ခု​တွင်​သင်​တို့ သည်​မြို့​ကို​စွန့်​၍ ကွင်း​ပြင်​ထဲ​၌​နေ​ထိုင်​ကြ ရ​မည်​ဖြစ်​သော​ကြောင့် မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​ကိုယ်​ကို​တွန့်​လိမ်​ညည်း​တွား​လျက်​နေ ကြ​လော့၊ သင်​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​သွား ရ​ကြ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​၌​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ရန်​သူ​များ​၏​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ