Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 45:10

Common Language Bible

မိ​မိ​၏​မိ​ဘ​များ​အား``အ​ဘယ်​ကြောင့် ကျွန်​တော့်​ကို​ဤ​သို့​မွေး​ထုတ်​ကြ​ပါ သ​နည်း'' ဟု ဆို​ဝံ့​သူ​ရှိ​ပါ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ အ​နာ​ဂတ်​ကို​ပြု​ပြင်​ဖန်​တီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​သား​သ​မီး​များ​နှင့်​ပတ်​သက်​၍ သင်​တို့​တွင် မေး​ခွန်း​ထုတ်​ပိုင်​ခွင့်​မ​ရှိ။ အ​ဘယ်​အ​မှု​ကို​ငါ​ပြု​သင့်​သည်​ဟု​လည်း ပြော​ဆို​ပိုင်​ခွင့်​မ​ရှိ။

အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-

`` `ဖ​ခင်​သို့​မ​ဟုတ်​မိ​ခင်​၏​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။

ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ