ဟေရှာယ 44:7Common Language Bibleငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။ သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ ကောင်းသောအမှုကိုပြုကြလော့။ သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။
သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟု သင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။ အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။ သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။