Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 42:9

Common Language Bible

ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။''

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-

ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​က၊ ``ရှေး​အ​ခါ​က၊ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​ကို ကြို​တင်​ဟော​ကြား​ခဲ့​၏။ ထို​နောက်​ထို​အ​ရာ​ကို​ရုတ်​တ​ရက်​ဖြစ်​ပေါ် လာ​စေ​၏။

ငါ​သည်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​မီ​က ပင်​လျှင် ကြို​တင်​၍၊သင်​တို့​၏​အ​နာ​ဂတ်​ကို ဟော​ကြား​ခဲ့​ပေ​သည်။ ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​အ​ရာ​များ​ကို သင်​တို့​လုပ်​သည့်​ရုပ်​တု​များ​က​ဖြစ်​ပေါ်​စေ​သည်​ဟု သင်​တို့​မ​ပြော​မ​ဆို​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။

``ငါ​သည်​ကြို​တင်​ဟော​ကြား​ခဲ့​သ​မျှ​သော အ​မှု​တို့​သည်​ယ​ခု​ဖြစ်​ပျက်​ကြ​လေ​ပြီ။ ငါ​၏​ဟော​ကြား​ချက်​များ​မှန်​လျက်​နေ​သည်​ကို သင်​တို့​ဝန်​ခံ​ကြ​ရ​ပေ​မည်။ ယ​ခု​ငါ​သည်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့် အ​မှု​အ​ရာ​သစ်​များ၊ ယ​ခင်​အ​ခါ​က​မ​ဖော်​ပြ​ခဲ့​ဘူး​သည့် အ​မှု​အ​ရာ​များ​ကို​သင်​တို့​အား​ဖော်​ပြ​ပါ​အံ့။

ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-

ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထား​တော်​မူ​သော​က​တိ​တော် ရှိ​သ​မျှ​အ​တိုင်း​ပြု​တော်​မူ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ