Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 42:20

Common Language Bible

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။

ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။

သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။

ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-

ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-

သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-

သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။-

ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-

သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။

သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-

သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ