Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 42:15

Common Language Bible

ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။

ငါ​သည်​သင်​တို့​အား​ထက်​မြက်​သည့် အ​သွား​များ​ရှိ​သော​စ​ပါး​နယ်​စက်​အ​သစ် ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ သင်​တို့​သည်​တောင်​ကြီး​များ​ကို​နယ်​၍ ညက်​ညက်​ကြေ​စေ​လိမ့်​မည်။ တောင်​ငယ်​များ​သည်​လည်း​မြေ​မှုန့်​ဖြစ်​၍ သွား​ကြ​လိမ့်​မည်။

ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။

``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော် တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။

ငါ​၏​အ​မျက်​တော်​မီး​အ​ရှိန်​ကြောင့်​ထို​နေ့​၌ ဣ​သ​ရေ​လ​ပြည်​တွင်​မြေ​င​လျင်​ပြင်း​စွာ လှုပ်​လိမ့်​မည်​ဖြစ်​ကြောင်း​ငါ​မိန့်​ဆို​၏။-

ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-

သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။

ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။

ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-

ထို​နောက်​လျှပ်​ပန်း​လျှပ်​နွယ်​များ၊ တော်​လဲ​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လျက်​မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ လူ့​သ​မိုင်း​တွင်​ဤ​မျှ​ပြင်း​ထန်​စွာ မြေ​င​လျင်​လှုပ်​ခြင်း​မ​ရှိ​ဘူး​ချေ။-

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ