Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 40:30

Common Language Bible

အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​မည်​သည်​မှာ​မိ​မိ​၏​ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​ကြောင့်​စစ်​ပွဲ​တွင် အ​နိုင်​ရ​သည်​မ​ဟုတ်။ စစ်​သား​သည်​လည်း​မိ​မိ​၏​ခွန်​အား​ဗ​လ​ကြောင့် အ​နိုင်​ရ​သည်​မ​ဟုတ်။

ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏ အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊

တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။

မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။

မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-

သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-

ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ