ဟေရှာယ 4:5Common Language Bibleထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-
ငါတို့ဘာသာရေးပွဲတော်များဆင်နွှဲရာ ဇိအုန်မြို့ကိုကြည့်ကြလော့။ ယေရုရှလင် မြို့ကိုကြည့်ကြလော့။ ထိုမြို့သည်ဘေးမဲ့လုံ ခြုံ၍အလွန်နေထိုင်ရန်ကောင်းသည့်မြို့ဖြစ် ပါသည်တကား။ ယင်းသည်ပန္နက်တိုင်များကို အဘယ်အခါ၌မျှမနုတ်ယူဘဲ အစဉ် ခိုင်ခံ့သည့်ကြိုးတို့ဖြင့်ဆွဲချည်ထားကာ၊ အဘယ်အခါ၌မျှမပြောင်းမရွှေ့ရသည့် တဲရှင်နှင့်တူလိမ့်မည်။-