ဟေရှာယ 4:1Common Language Bibleထိုအချိန်ကျရောက်လာသောအခါ အမျိုးသားတစ်ယောက်လျှင် အမျိုးသမီး ခုနစ်ယောက်ဝိုင်း၍``ကျွန်မတို့သည်မိမိ တို့စားရေးဝတ်ရေးအတွက် တာဝန်ယူ နိုင်ပါသည်။ အိမ်ထောင်မဲ့ဖြစ်၍ကျွန်မတို့ အရှက်မရကြစေရန် ရှင့်အားကျွန်မတို့ ၏ခင်ပွန်းအဖြစ်ဖြင့်ဖော်ပြပါရစေ'' ဟုပြောဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။