ငါသည်သင်နှင့်ဤယေရုရှလင်မြို့ကို အာရှုရိဧကရာဇ်၏လက်မှကယ်ဆယ်မည်။ ဤမြို့ကိုဆက်လက်၍ကာကွယ်စောင့်ရှောက် မည်ဟုဟေဇကိမင်းအားပြောကြားလော့'' ဟုမိန့်တော်မူ၏။
ဤနည်းအားဖြင့်ထာဝရဘုရားသည်ဟေ ဇကိနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား အာရှုရိဧကရာဇ်သနာခရိပ်၏လက် မှလည်းကောင်း၊ အခြားရန်သူများ၏လက် မှလည်းကောင်းကယ်တော်မူ၍ပတ်ဝန်းကျင် နိုင်ငံများနှင့်ငြိမ်းချမ်းမှုကိုပေးတော်မူ၏။-
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-