မရဏနိုင်ငံတွင်အဘယ်သူမျှကိုယ်တော်ရှင်အား ထောမနာမပြုနိုင်ပါ။ သူသေတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ယုံကြည်ကိုးစားနိုင်စွမ်းမရှိပါ။
ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။
ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။-
ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သို့ရာတွင်နိုင်ငံတော်သားဖြစ်သင့်သူတို့မူကား ပြင်ပအမှောင်ထဲသို့ထုတ်ပစ်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအရပ်တွင်သူတို့သည်ငိုကြွေးမြည် တမ်း၍အံသွားခဲကြိတ်လျက်နေကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-