Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 37:6

Common Language Bible

ဟေ​ရှာ​ယ​သည်``ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​စော်​ကား ပြော​ဆို​သည့်​စ​ကား​များ​အ​တွက် စိတ် အ​နှောင့်​အ​ယှက်​မ​ဖြစ်​ရန်​သင့်​အား​မိန့် မှာ​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ကြ​နှင့်။ ကြံ့ ကြံ့​ခိုင်​ခိုင်​ရှိ​စေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​ယ​နေ့​တွင် သင်​တို့​အား​မည်​ကဲ့​သို့​ကယ် တင်​တော်​မူ​မည်​ကို​မြင်​ရ​လိမ့်​မည်။ သင်​တို့ ယ​နေ့​မြင်​ရ​သော​အီ​ဂျစ်​အ​မျိုး​သား​တို့ ကို နောင်​မည်​သည့်​အ​ခါ​မျှ​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။

ဟေ​ဇ​ကိ​မင်း​၏​အ​မှာ​စာ​ကို​ရ​ရှိ​သော အ​ခါ၊-

``အ​မှန်​တ​ရား​ကို​သိ​ရှိ​သူ​တို့၊​ငါ​၏​သြ​ဝါ​ဒ​ကို စွဲ​မြဲ​စွာ​မှတ်​ကြုံး​ထား​သူ​တို့၊ သင်​တို့​သည်​ငါ​ပြော​သည့်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​အား​က​ရော်​က​မည်​ပြု​၍၊လူ​တို့​စော်​ကား ပြော​ဆို​ကြ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။

သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။-

သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။-

ထို​နောက်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​လန့်​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​ပင်​သင်​တို့​သည် ငါ့​အ​ပေါ်​၌ ယုံ​ကြည်​ကိုး​စား​မှု​ကင်း​လျက်​ရှိ​နေ​ကြ​သေး သ​နည်း'' ဟု​မေး​တော်​မူ​၏။

သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု​အား``သူ​တို့ ကို​မ​ကြောက်​နှင့်။ နက်​ဖြန်​နေ့​ဤ​အ​ချိန် သို့​ရောက်​လျှင်​ငါ​သည်​သူ​တို့​အား​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​သို့ အ​သေ​အပ်​မည်။ သင်​သည်​သူ​တို့​၏​မြင်း များ​ခြေ​ကြော​ကို​ဖြတ်​၍​စစ်​ရ​ထား များ​ကို​မီး​ရှို့​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ