ဟေရှာယ 37:28Common Language Bible``သို့ရာတွင်သင်၏အကြောင်းကိုအကုန် အစင်ငါသိ၏။ သင်အဘယ်အမှုကိုပြု ၍အဘယ်အရပ်သို့သွားသည်ကိုလည်း ကောင်း၊ ငါ့အားအဘယ်မျှအမျက်ထွက် လျက်နေသည်ကိုလည်းကောင်းငါသိ၏။- အခန်းကိုကြည့်ပါ။ |
အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-